ဝမ်းတွင်းမြို့နယ်ရှိ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဇနီးနှင့်သားတို့ ပစ်သတ်ခံရ

(ပြည်တွင်း)ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ၊ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု၊ တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှုး မိသားစုဝင် သုံးဦးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့နံနက် ၅နာရီခွဲအချိန်ခန့်က တမာကန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်လွင်၏နေအိမ်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)အင်အား ၁၀ဦးခန့်သည် အရှေ့ဘက်မှ ဆိုင်ကယ်များဖြင့်ဝင်ရောက်လာပြီး သေနတ်အတို/အရှည်များဖြင့် အချက် ၂၀ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်တွင်ရှိနေသည့် အုပ်ချုပ်ရေးမှူးဦးမောင်လွင်၊၅၂နှစ်၊(ဘ)ဦးကျော်သန်း၊၊ဇနီးဖြစ်သူ ဒေါ်မြင့်နိုင် ၅၂၊နှစ်၊(ဘ)ဦးအောင်ထွန်း၊နှင့်သားဖြစ်သူ ဖိုးလပြည့်၊၂၂နှစ်၊(ဘ)ဦးမောင်လွင်တို့ ၃ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း၊အကြမ်းဖက်အဖွဲ့မှာ အရှေ့ဘက် ခရိုင်ချင်းဆက်လမ်းဘက်သို့ပြန်လည်ထွက်ခွာသွား ကြောင်း သိရသည်။

#PAN