(နိုင်ငံတကာ) ဒီဇင်ဘာ ၂၃
အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို ရထားပေါ်တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ဂွာတီမာလာလူမျိုး ရွှေ့ပြောင်းနေထိုင်သူသည် ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲခန့်က နယူးယောက်မြို့တော် မြေအောက်ရထားပေါ်တွင် အဆိုပါ အကြမ်းဖက်မှုအား ကျူးလွန်ခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သေဆုံးသူအမျိုးသမီးနှင့် သံသယတရားခံသည် သိကျွမ်းသည်ဟု မယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။
ရဲအရာရှိများက အဆိုပါအနီးအနားတွင် ကင်းလှည့်နေစဉ် မီးခိုးညှော်နံ့များရသဖြင့် ရှာဖွေရာ မီးလောင်ကျွမ်းနေသည့် အမျိုးသမီးအားတွေ့ရှိကာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်းသိရသည်။
ရဲအရာရှိများ မီးငြှိမ်းသတ်နေစဉ် သံသယရှိသူသည် အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် နေရာအနီးရှိ ပလက်ဖောင်းတွင်ထိုင်နေခဲ့ကြောင်း ထုတ်ပြန်ထားသည်။
နယူးယောက်မြို့တော်ရဲဌာနက လူတစ်ဦးအနေဖြင့် အခြားလူသားတစ်ဦးအပေါ်ကျူးလွန်သည့် အဆိုးရွားဆုံး ရာဇဝတ်မှုအဖြစ် ဖော်ပြခဲ့ပြီး အဆိုပါ တရားခံအားဖမ်းဆီးရမိထားကြောင်း ဖော်ပြထားသည်။
#PAN