(စီးပွားရေး) ဒီဇင်ဘာ ၁၄
ရန်ကုန်မြို့အတွင်းမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် EV Bus တွေ ပြေးဆွဲသွားဖို့ စီစဉ် ထားကြောင်း အများပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ E-Choice Taxi Co.,Ltd က တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။
လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ ရန်ကုန်မြို့ အတွင်း EV Taxi တွေ စတင် ပြေးဆွဲသွားမှာ ဖြစ်ပြီး EV City Bus တွေကိုလည်း ပြေးဆွဲနိုင်ရန် စီစဉ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ EV City Bus တွေ ပြေးဆွဲမယ်ဆိုပါက အများပြည်သူတွေအတွက် သက်သာစေမယ့် ကားခ ဈေးနှုန်းတွေ သတ်မှတ်ပေးဖို့ လိုအပ်ကြောင်း ပြည်သူ့တချို့ကလည်း အကြံပြုထားပါတယ်။
EV Busတွေ ပြေးဆွဲ နိုင်ရန်အတွက် ဖြစ်နိုင်ချေရှိတဲ့အခြေအနေတွေကို လေ့လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ အခြေခံ အဆောက် အဦတွေနဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပြေးဆွဲနိုင်ဖို့ စီစဉ်သွားမှာ ဖြစ်တယ်လို့ E-Choice Taxi Co.,Ltd က တာဝန်ရှိသူတစ်ယောက်က ဆက်လက်ပြောကြားခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ EV Taxi တွေ ပြေးဆွဲပေးနေတာရှိသလို အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်း တချို့ကလည်း EV Express ယာဉ်တွေနဲ့ ပြေးဆွဲပေးနေပါတယ်။
#PAN