ထောက်ကြန့် မြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှု့ကျောင်းတွင် လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး ကြိုးဆွဲချသေဆုံး


(မှုခင်း) ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့် မြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်/ပြည်လမ်းမဘေး ပညာရေးစီမံခန့်ခွဲမှု့ကျောင်းတွင် ယနေ့နံနက် ၁ နာရီ ၅၅ မိနစ်အချိန်ခန့်က အမျိုးသား တစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

သေဆုံးသူမှာ ဦးသိန်းဟန်၊ အသက် ၄၅ နှစ်၊ (ဘ)ဦးကျော်သာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗန်းမော်ခရိုင်ပညာရေးမှူးရုံးဖြစ်ပြီး အမြင့်ပေ ၇ ပေခန့်ရှိ အခန်းနံရံတွင် ၄ လက်မသံဖြင့်ရိုက်ထားသော သံငုပ်၌ ပုဆိုးထုံးချည်နှောင်၍၎င်း၏လည်ပင်းအားစွပ်လျက် လျှာထွက်သေဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါခန္ဓာကိုယ်အား သက်ဆိုင်ရာက စစ်ဆေးကြည့်ရှု့ရာ လည်ပင်းကြိုးဒဏ်ရာ၊ လျှာထွက်၊ အမျိုးသားအဂ်ါသုတ်ထွက် လျက်လက္ခဏာများအားတွေ့ရှိခဲ့ပြီး သေဆုံးသူအား ရဲဆေးစာဖြင့် အင်းစိန်ဆေးရုံသို့ မြန်မာနိူင်ငံလူမှု့ကယ်ဆယ်ရေးအဖွဲ့ “ပတ္တမြားလူငယ်”လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN