(နည်းပညာ) ဒီဇင်ဘာ ၆
ဉာဏ်ရည်တု (AI) နည်းပညာကို တစ်ခေတ်ဆန်းသစ်စေသော OpenAI ကုမ္ပဏီက ဒရုန်းဖျက်စနစ်အတွက် AI ကို တည်ဆောက်ရန် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Anduril နှင့်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
Anduril ကုမ္ပဏီအနေဖြင့် မောင်းသူမဲ့ ဝေဟင်ခြိမ်းခြောက်မှုများ၊ အကြီးစားဒရုန်းများ ကောင်းစွာ ထောက်လှမ်းတုံ့ပြန်နိုင်ရေးအတွက် OpenAI ကုမ္ပဏီ၏နည်းပညာအပေါ် မှီခိုသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။
ခေတ်သစ်စစ်ပွဲများတွင် ဒရုန်းများသည် အရေးပါသော အခန်းကဏ္ဍတစ်ခုမှ ပါဝင် လာစဉ် Anduril ကုမ္ပဏီ က ယခုကဲ့သို့ AI နည်းပညာအသုံးပြု၍ ဒရုန်းများကို ထောက်လှမ်းတိုက်ဖျက်ရန် စီစဉ် လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ကုမ္ပဏီနှစ်ခုအကြား ပူးပေါင်းရခြင်းသည် အမျိုးသားလုံခြုံရေးလုပ်ငန်းများအတွက် AI အသုံးပြု သွားရန်ဖြစ်ပြီး ထိုသို့ ပူးပေါင်းမှုကြောင့် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်များ တွင် နိုင်ငံများကြား ကွာဟမှု ကို ဖြည့်ဆည်းပေးနိုင်စေမည် ဖြစ်ကြောင်း Anduril ကုမ္ပဏီ၏ အမှုဆောင် က ပြောထားသည်ဟု South China Morning Post သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews