(နိုင်ငံတကာ) နိုဝင်ဘာ ၂၂
အမေရိကန်နိုင်ငံအနေဖြင့် လိုအပ်ပါက နျူကလီးယားလက်နက်များကို အသုံးပြုရန် အသင့်ပြင်ဆင်ထား သည်ဟု အမေရိကန်မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်(STRATCOM)မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး သောမတ်ဘူချာနန် က ပြောသည်။
အကယ်၍ နျူကလီးယားလက်နက်ဖြင့် အပြန်အလှန်တိုက်ခိုက်မှုဖြစ်လာလျှင် ပင် အမေရိကန်က အဟန့်အတားအနေဖြင့် နျူကလီးယားလက်နက်အချို့ကို ဆက်လက်ထိန်းသိမ်းထားမည် ဖြစ် ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီးက ဆက်ပြောသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သည် နျူကလီးယား လက်နက်ဖြင့် အပြန်အလှန်တိုက်ခိုက်မှုမျိုး ဖြစ်ပွားလာမည့် အခြေအနေမျိုးကို လိုလားခြင်းမရှိကြောင်း ပြောထားသည်။
သို့ပေမယ့်အမေရိကန်က ရုရှားနှင့်နျူကလီးယား ထိပ်တိုက်တွေ့ဆုံဖြစ်လာစေနိုင်သည်ကို ကြိုတင် တွေးတောထားပြီး ယူကရိန်းကို ၎င်းတို့၏တာဝေးပစ်ဒုံးကျည်များနှင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ် တိုက်ခိုက်ခွင့်ပြုထားခြင်းက အမေရိကန်တို့သည် အပြောနှင့်အလုပ် ကိုက်ညီမှုမရှိကြောင်း တွေ့ရသည်။
ရုရှား က နျူကလီးယား လက်နက်အသုံးပြုမှု မူဝါဒအသစ်ကို ပြဋ္ဌာန်းပြီး ရုရှားနိုင်ငံအနေဖြင့် သူ့အပေါ် ခြိမ်းခြောက်စေနိုင်သည့် အခြေအနေမျိုးတွင် နျူကလီးယားလက်နက်ကို အသုံးပြုခွင့်ရှိကြောင်း ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews