(နိုင်ငံတကာ) နိုဝင်ဘာ ၁၉
အမေရိကန် သံတမန် Amos Hochstein သည် ဘေရွတ်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံပိုင် သတင်းဌာန NNA မှ ထုတ်ပြန်ခဲ့သည်။
Hochstein သည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ယခုကဲ့သို့ ကြားဝင်စေ့စပ်မည့် သံတမန်တစ်ဦး ရောက်ရှိလာသော် လည်း သဘောတူညီမှုတစ်ခု ရရှိရန် မသေချာကြောင်းသိရသည်။
အမေရိကန်သည့် ဂါဇာကမ်းမြောင်ဒေသတွင်လည်း အပစ်အခတ်ရပ်စဲရေး တွန်းအားပေးခဲ့သော်လည်း အစ္စရေးစစ်တပ်အား လက်နက်ခဲယမ်းများ ထောက်ပံ့နေဆဲဖြစ်၍ ဆွေးနွေးမှု အကောင်အထည် ဖော်ဆောင်ရန် ခက်ခဲခဲ့သည်။
Telegram»…
https://t.me/positiveanglenews