(မှုခင်း) နိုင်ဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် မိသားစုဘုရားဖူးထွက်နေချိန်၌ အိမ်တွင်ကျန်ရစ်နေသော အမျိုးသမီးအားသတ်ဖြတ်၍ အဖိုးတန်လက်ဝတ်ရတနာပစ္စည်းများအား လုယက် သွားသူတရားခံအား ဝေါမြို့နယ်ရဲတပ်ဖွဲ့မှအပူတပြင်း လိုက်လံရှာဖွေ စုံစမ်းနေကြောင်း ဒေသခံများထံကနေသိရပါတယ်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ အလင်းရောင်ရပ်ကွက် ၊လှိုင်ထိပ်ခေါင်တင်(၁)လမ်း၌ လူအားသတ်၍ အဖိုးတန်ပစ္စည်းများအား လုယက်ယူ ဆောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရ နယ်မြေရဲစခန်း၏တာဝန်ရှိသူများမှ ရဲလုပ်ငန်းများနှင့်အညီသွားရောက်စစ်ဆေးခဲ့ရာဒေါ်သီတာ အသက် (၅၂)နှစ်သည်အတူနေထိုင်သူ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့သည် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ဘုရားဖူးသွားနေချိန် နေအိမ်တွင်အိမ်၌တစ်ယောက်ထဲကျန်ရှိချိန်တွင် ပြစ်မှု့ကျူးလွန်သူ စုံစမ်းနေဆဲမှ ၎င်းအား သတ်ဖြတ်၍ ရွှေ/ငွေ ပစ္စည်းများနှင့် လက်ကိုင်ဖုန်း လုယူသွားတာဖြစ်ကြောင်းသိရပြီး။ ဘုရားဖူးစထွက်သောနေ့ ညပိုင်း ၇ နာရီအချိန်ခန့်အထိဖုံးအဆက်အသွယ်ရရှိခဲ့သော်လည်း နောက်နေ့ နံနက်မှစ၍ ဖုံးခေါ်ဆို၍မရပဲ နိုဝင်ဘာလ ၁၇ ရက်နေ့နံနက် နေအိမ်သို့ပြန်ရောက်ချိန်တွင် အခင်းဖြစ်အားတွေ့ရှိခဲ့ရကြောင်း နေအိမ်ရှိပစ္စည်းများအားစစ်ဆေးခဲ့ရာတွင် နေအိမ်၌ရှိနေသောအဖိုးတန်ပစ္စည်းများဖြစ်သော ရွှေနှစ်ကျပ်သားခန့်ရှိသောဆွဲကြိုး(၁)ကုံး၊စိန်ဆွဲသီး၊ စိန်လက်စွပ်(၁)ကွင်း၊ စိန်နားကပ်၊ လက်ကိုင်ဖုန်းနှင့် ရွှေတုံးများပါရှိ သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဖြစ်စဥ်နှင့်ပက်သက်၍ ဝေါမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၄တို့ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သွားသူအားဖမ်းဆီးရမိနိုင်ရေး နယ်မြေရဲစခန်း၏ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
Telegram»…
https://t.me/positiveanglenews