(နိုင်ငံတကာ) အောက်တိုဘာ ၃၁
မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ရွေးကောက်ပွဲ အချိန်နှင့်ကိုက်၍ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်နိုင်ကာ လက်ရှိတွင် ဒုံးပစ်လောင်ချာများကို အသင့်ပြင်ဆင်နေ ကြောင်း ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ တောင်ကိုရီးယားလွှတ်တော်အမတ်များက အောက်တိုဘာလ ၃၀ ရက်တွင်ပြောသည်။
ထို့ပြင် နိုဝင်ဘာ လ ၅ ရက်ဝန်းကျင်၌ မြောက်ကိုရီးယား က ၎င်းတို့၏ မဟာဗျူဟာမြောက်လက်နက်များ ဖွံ့ဖြိုးတိုးတက်မှုကို ပြသ သည့်အနေဖြင့် တာဝေးပစ်ဒုံးကျည် သို့မဟုတ် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်နိုင်သည် ဟုလည်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောထားသည်။
ယခုစမ်းသပ်မှုတွင် ဒုံးကျည်ထိပ်ဖူး က လေထုထဲပြန်လည်ဝင်ရောက်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ အတည်ပြုမှုရရှိစေရန် အဓိကဦးတည်ခြင်းဖြစ်နိုင်ကြောင်းနှင့် ရွေ့လျားဒုံးပစ်လောင်ချာများကို အတိအကျ မသိ ရသောနေရာသို့ရွှေ့ပြောင်းနေရာချထားကာ အသင့်ပြင်ဆင်ထားကြောင်း လွှတ်တော်အမတ် လီဆောင်ကွမ်း က ပြောသည်ဟု RTA သတင်းဌာနမှ သိရသည်။
Telegram»…
https://t.me/positiveanglenews