ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အသင်း ရွှေတံဆိပ် ငါး ခုအပါအဝင် ဆုတံဆိပ် ရှစ် ခုရရှိခဲ့


(အားကစား) အောက်တိုဘာ ၂၈

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အသင်းက ရွှေတံဆိပ် ငါး ခုအပါအဝင် ဆုတံဆိပ် ရှစ် ခုရရှိခဲ့ကြောင်း သိရပါတယ်။

မြန်မာလှေလှော်အဖွဲ့က အောက်တိုဘာလ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲများဖြစ်သော မီတာ ၅၀၀ အမျိုးသား+အမျိုးသမီး (၁၀) တက်လှော်မှာ ပထမဆု (ရွှေတံဆိပ်)၊ မီတာ ၂၀၀၀ အမျိုးသား (၁၀) တက်လှော်တွင် ပထမ‌ဆု(ရွှေတံဆိပ်)၊ မီတာ၂၀၀ အမျိုးသား(၁၀)တက်လှော်မှာ ဒုတိယဆု(ငွေတံဆိပ်)တို့ ထပ်မံဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မီတာ၂၀၀၀ အမျိုးသား+အမျိုးသမီး (၁၀) တက်လှော်ပြိုင်ပွဲမှာ မြန်မာလှေလှော်အသင်းမှ စတုတ္ထဆု ဆွတ်ခူးခဲ့တာကြောင့် ယခင်နေ့ ပြိုင်ပွဲများမှာလည်း ရွှေတံဆိပ်ဆုနှင့်ငွေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆုတံဆိပ်ပေါင် ရှစ် ခု ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာလှေလှော်အသင်းက ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၌ ပြိုင်ပွဲအမျိုးအစား ၈ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းများ၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှ အသင်းပေါင်း ၁၈ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN