(နိုင်ငံတကာ) အောက်တိုဘာ ၂၈
ရုရှားသမ္မတပူတင် က ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းသို့ တိုက်ခိုက်မှု ရှိလာနိုင်သည်ဟု ထပ်မံသတိပေးလိုက်ကြောင်း သိရသည်။
အနောက်အုပ်စုအနေဖြင့် ရုရှားအစိုးရ၏ ယခင် က ပြောကြားထားသည့် သတိပေးချက်များကို သိရှိမည်ဟု ယုံကြည်ကြောင်း ပူတင်က ပြောထားသည်။
ယူကရိန်းနိုင်ငံသည် သူ့တစ်နိုင်ငံ တည်း၏စွမ်းအားဖြင့် ရုရှားကို တိုက်ခိုက်ရန် တာဝေးပစ်လက်နက်များကို အသုံးပြုနိုင်ခြင်း မရှိကြောင်း၊ NATO အဖွဲ့ဝင်နိုင်ငံများ၏ကူညီမှုကြောင့်သာ ထိုလက်နက်များကို အသုံးပြုနိုင်ကြောင်း၊ ထို့ကြောင့်ပင် ယူကရိန်း ကို တာဝေးပစ်လက်နက်ကြီးများ အသုံးပြုရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။
လက်ရှိ ပဋိပက္ခ၌ အနောက်နိုင်ငံများ၏တိုက်ရိုက်ပါဝင်ပတ်သက်မှုက ၎င်းတို့၏သဘောသဘာဝကို ပြောင်းလဲသွားစေမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်လာနိုင်သောစိန်ခေါ်မှုများအပေါ် မူတည်၍ ဆုံးဖြတ်ချက်များကို မဖြစ်မနေချမှတ်ရမည်ဖြစ်ကြောင်း ပူတင် က ဆက်ပြောသည်။
ထို့အပြင် ရုရှားနယ်မြေအတွင်း သို့ လုပ်ဆောင်လာနိုင်သော တာဝေးတိုက်ခိုက်မှုများအပေါ် မည်ကဲ့သို့ တုံ့ပြန်မည့်ကိစ္စနှင့်ပတ်သက်၍ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေကြောင်း၊ ထိုအထဲတွင် အမျိုးမျိုးသောတုံ့ပြန်မှုများ ပါဝင်လာမည် ဖြစ် ကြောင်း ပူတင် က ပြောထားသည်။
သို့သော် ရုရှားနိုင်ငံ က မည်သည့်အချိန်တွင် မည်ကဲ့သို့ တုံ့ပြန်မည့်ကိစ္စနှင့် ပတ်သက်၍ အတိအကျပြောရန် အချိန်စောသေးကြောင်း ပူတင် က ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews