မေ ၂၄
ဥရောပရှိ Facebook အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုရှိ ဆာဗာများသို လွှဲပြောင်းခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ(အီးယူ)က ကိုယ်ရေးကိုယ်တာ ဥပဒေများကို ချိုးဖောက်တဲ့Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို စံချိန်တင်ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ဒဏ်ရိုက်ခံခဲ့ရပါတယ်။
WhatsApp နှင့် Instagram တို့ကိုလည်း ပိုင်ဆိုင်တဲ့ Meta က သုံးစွဲသူများရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ အဆက်မပြတ်လွှဲပြောင်းမှုများ ရှိနေတာကြောင့် စိုးရိမ်မိကြောင်း ဥရောပမှ အချက်အလက် ကာကွယ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Andrea Jelinek က ပြောကြားခဲ့ပါတယ်။
Meta အနေဖြင့် ဥရောပအသုံးပြုသူများရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းခြင်းများကို ခြောက်လအတွင်း ရပ်ဆိုင်းရန်လည်း အမိန့်ထုတ်ပြန်ခြင်းခံထားရပါတယ်။