ချမ်းအေးသာစံမြို့ နယ်၊ Victoria Palace Hotel အခန်းအမှတ်(၇၀၅) တွင် အမျိုးသမီးငယ်တစ်ဦး သေဆုံးနေ


(မှုခင်း) အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၃ လမ်း၊ ၂၇×၂၈ လမ်းကြားရှိ Victoria Palace Hotel ၏ ၇ လွှာရှိ၊ အခန်းအမှတ်(၇၀၅)တွင် တည်းခိုနေသူ အမျိုးသမီး ၁ ဦး အခန်းအတွင်း၌ သေဆုံးနေကြောင်း သိရသည်။

ယမန်နေ့ညနေ ၆ နာရီကျော်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်ရှိ Victoria Palace Hotel ၏ (၇)လွှာရှိ၊ အခန်းအမှတ်(၇၀၅)၌ တည်းခိုနေသူ မနန်းနွန်းမို၊ အသက် ၂၁ နှစ်၊ (ဘ)ဦးလုံးရွဲ့၊ တန့်ယန်းမြို့နေသူသည် အခန်းအတွင်း ကုတင်ပေါ်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တည်းခိုခန်း မန်နေဂျာဖြစ်သူအား တာဝန်ရှိသူများမှ စစ်မေးခဲ့ရာ သေဆုံးသူ မနန်းနွန်းမို သည် အောက်တိုဘာ ၂၂ ရက်နေ့ ည ၇ နာရီ အချိန်မှစ၍ လာရောက် အခန်းငှားရမ်း တည်းခိုနေသူဖြစ်ကြောင်း၊ ၎င်းနေ့ ညနာရီ ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ၎င်းတည်းခိုသည့် အခန်းအတွင်းသို့ ဝင်ရောက်သွားသည် ကို တွေ့ရှိရပြီး ယမန်နေ့ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်ထိ အခန်းအတွင်းမှ ထွက်လာခြင်းမရှိသဖြင့် အခန်းအတွင်း ဝင်ရောက်ကြည့်ရှုရာ မနန်းနွန်းမို မှာ အခန်းအတွင်း ကုတင်ပေါ် ၌ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN