ဂါဇာဒေသ အကူအညီပေးနိုင်ငံရေးအတွက် အစ္စရေးကို အမေရိကန်သတိပေး


(နိုင်ငံတကာ) အောက်တိုဘာ

ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထပ်မံလိုအပ်နေပြီး အစ္စရေးခေါင်းဆောင်များ မလိုက်နာပါက အကျိုးဆက်များရှိလာနိုင်ကြောင်း အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယမန်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုနှင့် အစိုးရတာဝန်ရှိသူ ဝန်ကြီးများနှင့်ဆက်တိုက်တွေ့ဆုံခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများသေဆုံးမှုနှုန်းမြင့်တက်လာမှုတွင် အစ္စရေးအား ဟန့်တားရန်ပျက်ကွက်ခဲ့ကြောင်း ဝေဖန်မှုများကို အမေရိကန်ဘက်က ပယ်ချခဲ့ပြီး အစ္စရေး၏ထိုးစစ်ဆင်တိုက်ခိုက်မှုသည့် ဟားမတ်စ်များ ပြန်လည်စုဖွဲ့လာမည်ကို တုံ့ပြန်ရန်ဖြစ်ကြောင်း ချေပခဲ့သည်။

အမေရိကန်သည် ပါလက်စတိုင်းပြည်သူများ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ ခွင့်ပြုနိုင်ရေး အစ္စရေးအား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အစ္စရေးမှ လိုက်နာရန်ပျက်ကွက်ခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN