နွားထိုးကြီးမြို့ရှိ အထက(မြို့မ)စာသင်ကျောင်းအား UAV လက်လုပ်ယာဥ်ဖြင့် အကြမ်းဖက် PDF များက Drop Bomb ကြဲချတိုက်ခိုက်


(ပြည်တွင်း)စက်တင်ဘာ ၁၈

လုံခြုံရေးတပ်ဖွဲ့ဝင်များ အခြေပြုနေသော နွားထိုးကြီးမြို့၊ အထက(မြို့မ)စာသင်ကျောင်းအား ယနေ့မွန်းလွဲ ၂ နာရီကျော်အချိန်ခန့်က ​မိုးကန်(အရှေ့)ကျေးရွာဘက်၊အမြင့်ပေ ၈၀၀ ခန့်မှ ပျံသန်းလာသည့် UAV လက်လုပ်ယာဥ်ဖြင့် အကြမ်းဖက် PDF များက Drop Bomb ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Bomb များမှာ နွားထိုးကြီးမြို့၊ အထက(မြို့မ)စာသင်ကျောင်းဝင်းအတွင်းရှိ အုတ်ကြွပ်မိုးထားသော ၁ ထပ်ဆောင် (တကောင်းဆောင်)ရှေ့ စက္ကူပန်းရုံအနီးသို့ ၁ လုံး၊ ကျောင်းဝင်းအတွင်း အလံတိုင်ရှေ့၊ စိန်ပန်း ပင်အနီးသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

Drop Bomb ပေါက်ကွဲမှုကြောင့် တကောင်းစာသင်ဆောင်ရှိ အုတ်ကြွပ်အမိုး ၅ ပေပတ်လည်ခန့် ထိခိုက်ပျက်စီးခြင်း၊ ငြိမ်းချမ်းဆောင် အောက်ထပ်ရှိ ပြတင်းပေါက်လေကာမှန် ၁ ချပ်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်များမှ UAV လက်လုပ်ယာဥ် ပျံသန်းလာသည့်ဘက်သို့ MA-1၊ စိန်ပြောင်းတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN