မောင်တောရှိ တပ်မတော်စခန်းအား အကြမ်းဖက် AA အဖွဲ့က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်


(ပြည်တွင်း)အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်၊ မောင်တောရှိ တပ်မတော်စခန်းအား ယမန်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် အကြမ်းဖက် AA အဖွဲ့ အင်အား ၄၀၀ ခန့်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ပြီး ထပ်မံလာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် တပ်မတော်စစ်ကြောင်းအဖွဲ့မှ ပစ်ကူပစ်အားရယူပြီး ရဲဝံ့စွာပြန်လည်တိုက်ခိုက်မှုကြောင့် ရန်သူများအဖွဲ့ကွဲ၍ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းသိရပြီး လုံခြုံရေးဖွဲ့ဝင်များ ထိုက်ခိုက်မှုမရှိပဲ ရန်သူ့ထံမှ အကြမ်းဖက် AA အလောင်း ၂ လောင်း၊ သေနတ် ၂ လက်၊ Type-81 သေနတ် ၁ လက် (ပျက်စီး)၊ MA-3 သေနတ် ၁ လက်ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်သူများဆုတ်ခွာထွက်ပြေးသွားရာနောက်သို့ စစ်ကြောင်းများမှ လိုက်လံရှင်းလင်းရာ ည ၇ နာရီချိန်ခန့်တွင် ရန်သူ့ထံမှ မဆွဲနိုင်၍ ကျန်ရစ်ခဲ့သောအကြမ်းဖက် AA အလောင်း ၃ လောင်၊ သေနတ်မျိုးစုံ ၁၀ လက်၊ တရုတ်စက်လတ် ၁ လက်၊ M-23 သေနတ် ၂ လက်၊ M-22 သေနတ် ၂ လက်၊ Type-81 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 သေနတ် ၂ လက်၊ RPG ဗုံးသီး ၅ လုံး၊ကျည်အိမ် ၅ ခု၊ ကျည်ခါးပတ်တွဲ ၄ ခု၊ ကျည်ဘောက် ၁ ခု ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN