အခြေခံဥပဒေအရ တောင်ကိုရီးယားက‌ မြောက်ကိုရီးယား၏ ရန်ဘက်နိုင်ငံဖြစ်သွားပြီဟုဆို


(နိုင်ငံတကာ) အောက်တိုဘာ ၁၈

မြောက်ကိုရီးယားအမျိုးသားညီလာခံက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ၏ ကတိပြုမှုနှင့် အညီဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်ပြီဖြစ်သောကြောင့်တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ ရန်ဘက်နိုင်ငံဖြစ်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား၏ KCNA သတင်းဌာနက အောက်တိုဘာလ ၁၇ ရက်တွင် ထုတ်ပြန်‌ဖော်ပြထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသတ်မှတ်ချက်အရ ရန်ဘက်နိုင်ငံအပေါ် ပြတ်သားသော တရားဝင် လုပ်ဆောင်ချက်တစ်ခုအဖြစ် တောင်ကိုရီးယားနှင့် ကားလမ်း၊ ရထားလမ်း၊ ဆက်သွယ်မှုများအားလုံးကိုဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

မြောက်ကိုရီးယားအမျိုးသားညီလာခံ အစည်းအဝေးကို ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပပြီးနောက် ယခုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က တောင်ကိုရီးယားနှင့် ပေါင်းစည်းရေးမလုပ်ဆောင်ခြင်းကို အမျိုးသားရေးရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ လိုက်ပါပြင်ဆင်ခြင်းဖြစ်သည်။

ထိုနှစ်နိုင်ငံကြား သဘောထားတင်းမာမှုသည် တောင်ကိုရီးယားက မြောက်ကိုရီးယားသို့ ဒရုန်းများစေလွှတ်ကာ မြောက်ကိုရီးယားမကောင်းကြောင်း ပြောထားသည့်လက်ကမ်းစာစောင်များ ကြဲချပြီးနောက် ပိုမိုဆိုးဝါး လာခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN