ရန်ကုန်တိုင်းဒေသကြီးတွင် သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ ပြည်သူသိန်းနှင့်ချီ၍ လာရောက်လည်ပတ် အပန်းဖြေနေ


(ပြည်တွင်း) အောက်တိုဘာ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် အခမ်းအနားအား အောက်တိုဘာလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျှက်ရှိရာ

အောက်တိုဘာလ(၁၇)ရက်နေ့ နေ့လယ်ပိုင်းနှင့်ညပိုင်းတို့တွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ပြည်သူသိန်းနှင့်ချီ၍ လာရောက်လည်ပတ် အပန်းဖြေကာ ရောင်းချလျှက်ရှိ ပြခန်းများမှ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဒေသထွက်ကုန်များ၊ အစားအသောက်များ၊ အဝတ်အထည်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ စာအုပ်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေပြီး နေ့လယ်ပိုင်းနှင့်ညပိုင်းတို့တွင်လဲ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်များမှ နာမည်ကျော်အနုပညာရှင်များမှ မြန်မာရိုးရာအကအလှများ၊ ခေတ်ပေါ်တီးဝိုင်းများဖြင့် သီဆိုကပြဖျော်ဖြေနေပြီး စတုဒိတာများကျွေးမွေးခြင်း၊ မီးပုံပျံများလွှတ်တင်ခြင်းတို့ကိုဆောင်ရွှက်နေသဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်လျှက်ရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews

PAN