ပုဂံဒေသသို့လာရောက်သည့် ပြည်တွင်း၊ပြည်ပခရီးသွားများ မြင်းလှည်းစီး၍ လည်ပတ်နိုင်ရန်စီစဉ်ထား

(ပြည်တွင်း) အောက်တိုဘာ ၁၅

သီတင်းကျွတ်ပွဲတော်ကာလ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စေတီ၊ ပုထိုးများ စုံလင်စွာ ကြည့်ရှုလေ့လာနိုင်ရန် ယခင်ကထက်တိုးချဲ့၍ မြင်းလှည်းအစီးရေ ၁၀၀ ကျော်ဖြင့် နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပုဂံဒေသခံ မြင်းလှည်းအသင်းကနေ သိရပါတယ်။

ခရီးသွားဧည့်သည်များ စေတီ၊ ပုထိုးများကို နောက်ခံထားကာ မြင်းလှည်းစီး ဓာတ်ပုံရိုက်ကူးခြင်း၊ စေတီ၊ ဂူဘုရားများအကြား သွားလာရခြင်း၊ နေဝင်ဆည်းဆာအလှ ကြည့်ရှုနိုင်ရန် အထင်ကရဘုရားစေတီများအနီးရှိ မြင်းလှည်းဂိတ်များနှင့် ဆာကူရာ၊ သရပါ၊ ပုဂံသံတဲနှင့် ပုဂံဟိုတယ်များအနီး ဂိတ်များထိုး၍ ယခင်ကထက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ခရီး သွားဝန်ဆောင်မှုပေးနေသော မြင်းလှည်းအစီးရေ ၁၀၀ ကျော်ရှိပြီး မြင်းလှည်းစီး၍ စေတီပုထိုးများကို ကြည့်ရှုလေ့လာပါက တစ်နာရီလျှင် ငွေကျပ် ၁၅,၀၀၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

#PAN