သန်ခေါင်စာရင်းကောက်ယူရာ၌ လိုက်ပါကူညီဆောင်ရွက်သူ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ အနော်ရထာရပ်ကွက်၊ ပိုက်သေလည်ရပ်တွင် သန်ခေါင်စာရင်းကောက်ယူရာ၌ လိုက်ပါကူညီဆောင်ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF အဖွဲ့ဝင် ၁ ဦးက သေနတ်ဖြင့် လာရောက် ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့ ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အနော်ရထာရပ်ကွက်၊ ပိုက်သေလည်ရပ်၊ စိန်ပန်းလမ်းနေ နတ်ကြို့အိုင့် မူလွန်ကျောင်းအုပ်ဆရာကြီး ဦးစောလွင်ဦး ပါ ၅ ဦးမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်အေးအေးသင်း၏ နေအိမ်တွင် သန်းခေါင်စာရင်း ကောက်ယူနေစဉ် ၎င်းအိမ်ဘေးကပ်လျှက် ဒေါ်မြင့်မြင့်စန်း၊ အိမ်အမှတ် J-51၏ နေအိမ်ရှေ့(တံခါးပိတ်ထား)ဓါတ်တိုင်ဘေးတွင် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ထွန်း(ခ)ဦး‌ဆော်လီ၊ အသက် ၅၀ နှစ်၊ (ဘ)ဦးတင်ထွန်း(ပြည်ခိုင်ဖြိုးပါတီဝင်)နှင့် ဦးအောင်မြိုင်တို့ ၂ ဦးထိုင်နေစဉ် အကြမ်းဖက်သမား အသက် ၃၀ နှစ်ခန့်မှ မော်တော်ဆိုင်ကယ် 125 အနက်ရောင်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌

အဆိုပါ အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့်အုပ်ချုပ်ရေးမှုး ဦးနိူင်နိူင်ထွန်း(ခ)ဦးဆော်လီတွင် ဝဲ-မျက်လုံး ဖောက် ၀င်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး၊အကြမ်းဖက်သမားများမှာ အရှေ့ဘက်မှ လာရောက် ပတ်ခတ်ပြီး လားရာလမ်းအတိုင်း ပြန်လည်ထွက်ပြေးသွားကြောင်း သိရသည်။။

Telegram»…
https://t.me/positiveanglenews

PAN