သီတင်းကျွတ်ကာလအတွင်း အထူးရထားခရီးစဉ်များ ပြေးဆွဲပေးမည်


(ပြည်တွင်း) အောက်တိုဘာ ၁‌၃

သီတင်းကျွတ်ကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာ
နိုင်ရန်အတွက် အထူးရထားခရီးစဉ်များကို ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက သီတင်းကျွတ်ကာလအတွင်း ရန်ကုန်-ပြည်-
ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွေကို ပုံမှန်ရထားများအပြင် အထူးရထားများကိုပါ တိုးချဲ့ပြေးဆွဲ
ပေးသွားမှာဖြစ်ပါတယ်။

ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲ
ပေးလျက်ရှိတဲ့ ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ကာ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

ရထားစီးခရီးသွားပြည်သူများအတွက် လက်မှတ်ရောင်းချမှုအနေနဲ့ အထက်တန်းလက်မှတ်များကို သုံးရက် ကြိုတင်၍
လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးလျက်ရှိပြီး သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN