အာရှဒေသ၌ စစ်အုပ်စုများထူထောင်မည့်စိတ်ကူးက ထိပ်တိုက်တွေ့ဆုံမှုအတွက် အန္တရာယ်ကိုသာ ဖိတ်ခေါ်နေ


(နိုင်ငံတကာ) အောက်တိုဘာ ၁၂

အာရှဒေသ၌ စစ်အုပ်စုများထူထောင်မည့် မည်သည့်စိတ်ကူးစိတ်သန်းမဆိုသည် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေသော အန္တရာယ်ကိုသာဖိတ်ခေါ်နေကြောင်း
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က အောက်တိုဘာ လ ၁၁ ရက်တွင် ပြောခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက NATO တပ်ဖွဲ့ကဲ့သို့ အာရှဒေသတွင် အလားတူတပ်ဖွဲ့တစ်ခုကို ထူထောင်ရန် အဆိုပြုမှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံက စစ်အင်အားကို တိုးမြှင့်လာခြင်း၊ နိုင်ငံကို စစ်ပုံသွင်းမှု ပြန်လည်ပြုလုပ်လာခြင်းတို့ အပေါ် ရုရှားအစိုးရက စိုးရိမ်ကြောင်း လက်ရော့ က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အလားတူ အနောက်အုပ်စုမှနိုင်ငံများ၏ မူဝါဒများကြောင့် ဒေသတွင်း၌ ပဋိပက္ခများကို ဖြစ်လာစေမည် ဖြစ်ပြီး ရုရှားနိုင်ငံကမူ အာဆီယံနိုင်ငံများ၏ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရေးလုပ်ဆောင်မှု၊
အဖွဲ့ဝင်နိုင်ငံများကြား သာတူညီမျှ ပူးပေါင်း‌ဆောင်ရွက်မှုတို့ကိုသာ အမြဲတမ်းအားပေးထောက်ခံကြောင်း လက်ရော့ က ဆက်လက် ပြောကြားသည်။

လက်ရှိတွင် အနောက်အုပ်စုသည် အာဆီယံအဖွဲ့ကြီးတစ်ခုလုံးကို ၎င်း၏အဓိကမိတ်ဖက်အဖြစ် ဖန်တီး နေကြောင်း၊ ထိုမှတစ်ဆင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ ကိုယ်ကျိုးစီးပွားများကို ဖျက်ဆီးရန်ပစ်မှတ်
ထားနေကြောင်း ရုရှားက အာဆီယံနိုင်ငံအချို့ကို BRICS ညီလာခံတက်ရန်ဖိတ်ခေါ်ထားကြောင်း လက်ရော့ က ပြောထားသည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN