ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စရဘရုံးတို့ Drop Bomb ချ တိုက်ခိုက်ခံရ


(ပြည်တွင်း) အောက်တိုဘာ ၁၀

တနသာ်ရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခေါင်မိုးပေါ်သို့ ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့များက Done ဖြင့် Drop Bomb တစ်လုံးပစ်ချ ဖေါက်ခွဲခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၄ နာရီခွဲအချိန်ခန့်တွင် စရဘရုံးကား ဂိုဒေါင်ပေါ်သို့လည်း Drop Bomb တစ်လုံးထပ်မံ ကျရောက် ပေါက်ကွဲခဲ့ပြီး အဆိုပါ Drop Bomb ပေါက်ကွဲမှုများကြောင့် လူနှင့်အခြားအရာများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ခန်းမအကြားတွင် တည်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN