ကမာဝက်မြို့၊ လယ်ကွင်းပြင်မှ ဗုံးသီးများပါသော Drone ၁ စီး သိမ်းဆည်းရရှိ


(ပြည်တွင်း) အောက်တိုဘာ ၉

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ၊ ကမာဝက်သုဿာန်အနီး လယ်ကွင်းပြင်မှ ဗုံးသီးများပါရှိသော Drone ၁ စီးကို သိမ်းဆည်းရရှိကြောင်း သိရသည်။

အဆိုပါ Drone ၁ စီးကို လယ်ပိုင်ရှင်ပိုင်ရှင်၏ အကြောင်းကြားချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ Drone ယာဉ်မှာ fixedwin drone အမျိုးအစား လိမ္မော်ရောင်ဖြစ်ပြီး Drone ယာဉ်တွင် မပေါက်ကွဲသေးသော ဗုံးသီးများပါရှိနေကြောင်းသိရသဖြင့် လုံခြုံရေးအဖွဲ့မှ မြေကွက်လပ်တစ်ခုတွင် မြေမြှပ်ဖောက်ခွဲဖျက်စီးခဲ့ပြီး ဒရုန်းယာဉ်ကို အောင်မြင်စွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN