အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးစံလွင် ခန့်အပ်ခံရ


(နိုင်ငံတကာ) အောက်တိုဘာ ၉

အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် မြန်မာနိုင်ငံမှ အငြိမ်းစား သံအမတ်ကြီး ဦးစံလွင် ကို အလှည့်ကျ တာဝန် ထမ်းဆောင်ရန် အတည်ပြုခန့်အပ်လိုက်တယ်လို သိရပါတယ်။

(၃၅)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိင်းရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံမှ အငြိမ်းစား သံအမတ်ကြီး ဦးစံလွင် ကို အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် အလှည့်ကျတာဝန်ထမ်းဆောင်ရန် အတည်ပြုခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၃၅)ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိင်းရေးကောင်စီ အစည်းအဝေးများမှာ အတည်ပြုခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN