ဥယာဥ်ခြံလုပ်သား တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်


(ပြည်တွင်း) အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးကျေးရွာနေအပြစ်မဲ့ သာမန်ပြည်သူတစ်ဦးအား အင်အားစိစစ်ဆဲ အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဆိတ်ဖူးကျေးရွာနေသူ ဦးဇော်ဇော်၊ (ဘ)ဦးဥာဏ်စော၊ အသက် ၄၀ နှစ်ခန့်သည် ဆိတ်ဖူးကျေးရွာမှ ၎င်း၏ ခြံသို့ ဆိုင်ကယ်ဖြင့် သွားနေစဥ် ပရက်ခွလမ်းကွေ့အရောက်တွင် အင်အားစိစစ်ဆဲ အကြမ်းဖက် PDF များက ကိုးလုံးကျည်သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးဇော်ဇော်တွင် ဝဲလက်ပြင်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ရင်ညွန့်နှင့်ကျောတွင် ၁ ချက်စီ စုစုပေါင်း ၃ ချက် ထိမှန်ဒဏ်ရာရရှိကြောင်း၊ ၎င်း၏ဒဏ်ရာများအား ဆေးကုသနိုင်ရေးအတွက် ကော့သောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN