NCA လက်မှတ်ရေးထိုးထားသော RCSS/SSA အဖွဲ့နှင့် SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှ ရဟန်တစ်ပါး ဗုံးစထိမှန်


(ပြည်တွင်း) အောက်တိုဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုတွင် ယမန်နေ့နံနက်ပိုင်းက NCA လက်မှတ်ရေးထိုးထားသော RCSS/SSA အဖွဲ့နှင့် SSPP/SSA အဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် SSPP/SSA အဖွဲ့မှ Drop Bomb ချတိုက်ခိုက်ခဲ့ရာ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ရတနာပုံ(အနောက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း မုဒ်ဦးရှေ့တွင် Drop Bomb တစ်လုံး၊ မီးဖိုဆောင်ပေါ်သို့ တစ်လုံး၊ ခန်းနေဆရာတော် ဥူးဇောတိက သီတင်းသုံးနေထိုင်သော ကျောင်းဆောင်ပေါ်သို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

SSPP/SSA အဖွဲ့၏ Drop Bombချ တိုက်ခိုက်မှုကြောင့် ဆရာတော် ဥူးဇောတိကတွင် ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်စဥ်အား သက်ဆိုင်ရာမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN