ရေနံနှင့် ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များ သက်တမ်းတိုးရန် သတိပေး


(ပြည်တွင်း) အောက်တိုဘာ ၉

ရေနံနှင့်ရေနံထွက်ပစ္စည်း သိုလှောင်ခွင့်လိုင်စင်များကို သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုချထားပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်လို့ အဆိုပါရက်မတိုင်မီ ကြိုတင်ပြီး လိုင်စင်သက်တမ်းတိုး လျှောက်ထားရန်လိုအပ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးနှိးဆော် ထားပါတယ်။

ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ(၁၁၉)အရ သက်တမ်းကုန်ဆုံးရက် မတိုင်မီ သက်တမ်းတိုးမြှင့်ရန် လိုအပ်ပြီး သက်တမ်း တိုးလျှောက်ထားပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားရန်လိုအပ်ကာ ပျက်ကွက်ပါက ရက်လွန်ဒဏ်ကြေးငွေအဖြစ် ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး တစ်ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

သက်တမ်းတိုးလျှောက်လွှာများကို သတ္တုတွင်းဦးစီးဌာနမှ ထုတ်ပေးထားရှိတဲ့ သိုလှောင်ခွင့်လိုင်စင်မူရင်း၊ နောက်ဆုံးကွင်းဆင်းစစ်ဆေးချက်မူရင်း၊ စက်သုံးဆီအရောင်း ဆိုင်နှင့် သိုလှောင်ကန်များ၏ လက်ရှိအခြေအနေကို ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို ပူးတွဲတင်ပြရန်လိုအပ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN