ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားတွင် ဗုဒ္ဓပူဇနိယပူဇော်ပွဲတော် ကျင်းပမည်


(ပြည်တွင်း) အောက်တိုဘာ ၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲ ကို အောက်တိုဘာလ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိတဲ့ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာလ ၁၃ ရက်မှစတင်ကာ ၁၇ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်သလို ဗုဒ္ဓပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲလည်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါပွဲကို ပွဲတော်စတင်ကျင်းပသည့်နေ့ နံနက် ၃ နာရီတွင်စတင်ကာ ဆွမ်းအိုးမျှောပွဲကို ကျင်းပသွားမှာ ဖြစ်သလို အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကိုတော့ ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်တော်ကြီးမှာ ဆက်လက်ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗုဒ္ဓပူဇနိယအောင်ပွဲအနေနဲ့ မြန်မာရိုးရာခြင်းပညာ မပျောက်ပျက်စေရေးကို ရည်ရွယ်ပြီး ခြင်းလုံးပညာရှင် အမျိုးသမီးများရဲ့ ခြင်းလုံးအလှခတ်၊ ရွဲလုံးအလှတို့ကို ကစားပြသခြင်းနှင့် အလွတ်တမ်းဘောလုံးပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN