Hotel APEX MANDAY အပေါ်ထပ်ဆုံး Sky Bar ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ


(မှုခင်း) အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြိုနယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၅ လမ်း၊ ၅၈×၅၉ လမ်းကြားရှိ Hotel APEX MANDAY အပေါ်ထပ်ဆုံး Sky Bar ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချခဲ့ရာမှ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ Hotel APEX MANDAY သို့ ယမန်နေ့ည ၇ နာရီအချိန်ခန့်က ချစ်တိုင်းအောင်၊ အသက် ၂၃ နှစ်၊ (ဘ)ဦးပြုံးချို၊ Sakura Priness Hotel ၊ ၆၇လမ်း၊၃၂x၃၃ လမ်းကြားနေသူသည် ဆိုင်ကယ်ကယ်ရီဖြင့် ရောက်ရှိလာပြီး Hotel အပေါ်ဆုံးထပ် Sky Bar သို့ ရောက်ရှိလာကာ ကောက်တေး ၁ ခွက် သောက်သုံးခဲ့ပြီး ည ၇ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် Bar ပေါ်မှ ခုန်ချခဲ့ကြောင်း အနီးရှိ Hotel ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ခုန်ချသူ ချစ်တိုင်အောင်တွင် မျက်နှာချိုင့်ဝင်၊ ဝဲ-မျက်လုံးစုတ်ပြဲ၊ ဝဲ-မေးစေ့စုတ်ပြဲ၊ ဝဲ-ရင်ဘတ်ထိုးသွင်းဒဏ်ရာ၊ ဝဲ/ယာလက်ဖျံ ပြတ်ရှဒဏ်ရာ တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ပြီး ဖြစ်စဥ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN