သရက်ကောင်းပင်ကျေးရွာ လုံခြုံရေးစခန်းအား အကြမ်းဖက် PDF အဖွဲ့က ၃ ရက်ကြာတိုက်ခိုက်နေ


(ပြည်တွင်း) အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာ လုံခြုံရေးစခန်းအား အကြမ်းဖက် PDF အဖွဲ့က အောက်တိုဘာလ ၅ ရကနေ့မှစ၍ ယနေ့ ၇ ရက်နေ့အထိ သာလွန်အင်အားဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များအပြင် Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်နေကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အင်အား ၁၅၀ ဦးခန့်က Drone ဖြင့် Drop Bomb ၃ လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန် တစ်နာရီကျော်ကြာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေပြုရာစခန်းအား သိမ်းနိုင်ခြင်းမရှိပဲ ၎င်းတို့အခြေ ပြုရာ နွာထိုးကြီးမြို့နယ်၊ အောင်ပန်းကုန်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြကြောင်း သိရသည်။

၎င်းအကြမ်းဖက် PDF အဖွဲ့ဝင်များသည် အောက်တိုဘာ ၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အင်အား ၂၀၀ ခန့်စုဖွဲ့၍ထပ်မံရောက်ရှိလာပြီး Drone ဖြင့် Drop Bomb ၉ လုံးချ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်များ ထပ်မံပျက်စီးခဲ့ရပြီး လုံခြုံရေးစခန်းအား သိမ်ပိုက် နိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာလာသော အကြမ်းဖက် PDF များသည် နွားထိုးမြို့နယ်၊ အောင်ပန်ကုန်းကျေးရွာနှင့် အောင်သာကျေးရွာတို့တွင် ညအိပ်အခြေပြုခဲ့ကြ ကြောင်း ဒေသခံသတင်းအရင်းမြစ်များ ထံမှသိရသည်။

ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း အကြမ်းဖက် PDF အင်အား ၂၀၀ ခန့်မှ သရက်ကောင်းပင်ကျေးရွာ လုံခြုံရေးစခန်းအား ထပ်မံတိုက်ခိုက်သိမ်းပိုက်ရန်အတွက် ကား ၇ စီး၊ ဆိုင်ကယ် ၁၅ စီးခန့်ဖြင့် နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရောက်ရှိစုဖွဲ့နေခဲ့ကြကြောင်း ဒေသခံသတင်းအရင်းမြစ်များ ထံမှသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN