အကြမ်းဖက် PDF ၄ ဦးအား ပေါင်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


(ပြည်တွင်း) အောက်တိုဘာ ၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် ယနေ့နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF ၄ ဦးအား လက်နက်ခဲယမ်းများအတူနှင့် ဖမ်းစီးရမိကြောင်း သိရသည်။

ပေါင်မြိုနယ်၊ သဲကုန်းရွာတွင် အကြမ်းဖက်များရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၄ ဦးနှင့်အတူ M-16 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၄၀ တောင့်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် PDF သမားများကို အေးချမ်းစွာနေထိုင် နေကြသော ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN