တီးတိန်၊တွန်းဇံမြို့နယ်မှ ကလေးငယ်များအား ချင်းလက်နက်ကိုင်များမှ စစ်သားအဖြစ်စုဆောင်းနေ

(ပြည်တွင်း) အောက်တိုဘာလ ၅

ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များရှိ ကျေးရွာအချို့တွင် ချင်းလက်နက်ကိုင်များမှ အသက်မပြည့်သေးသည့် ကလေးသူငယ်များအား အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်း သိရသည်။

ရရှိထားသည့်သတင်းအချက်အလက်များအရ အသက် ၁၃ နှစ်အောက် ကလေးငယ် ၁၀ ဦးထက်မနည်း အတင်းအဓမ္မ စစ်သားစုဆောင်းခံထားရကြောင်း သိထားရသည်။

“အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို သူတို့ဆီပြန်အပ်ဖို့ နောက်နောင် နိုင်ထက်စီးနင်း စစ်သားစုဆောင်းတာမလုပ်ဖို့လိုလားတယ်”လို့ ကလေးစစ်သားအဖြစ်စုဆောင်းခံထားရသော ချင်းကလေးငယ်တစ်ဦး၏ ဖခင်မှ ချင်းဘာသာနှင့်ပြောဆိုထားသည်။

ချင်းပြည်နယ် တီးတိန်၊ တွန်းဇံနှင့် ကျီခါး မြို့နယ်များတွင် ကလေးသူငယ်များအား မိဘခွင့်ပြုချက်မရှိဘဲ အတင်းအဓမ္မ စစ်သားစုဆောင်းနေသည့်လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် ကလေးမိဘများ စိုးရိမ်ကြောင့်ကျမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

#PAN