မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့်မိုင်းကိုင်မြို့၊ မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား  ပြိုကျပျက်စီး

(ပြည်တွင်း) အောက်တိုဘာလ  ၂

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့တွင် ယနေ့နံနက် ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းလုံချောင်းရေမြင့်တက်လာပြီး  မိုင်းကိုင်-နမ့်လန် သွားလမ်းပေါ်ရှိ တံတားအမှတ် (၃/၉၁)၊ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ ဆားတောသံကူကွန် ကရစ်တံတားသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တံတား၏ မြောက်ဘက်ခြမ်းရှိချဉ်းကပ်လမ်း အကျယ် ၃၀ ပေ၊ အလျား ၃၀ ပေ ရေတိုက်စား၍ ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှု ရပ်တန့်ခဲ့ရကြောင်း သိရှိရသည်။

       အဆိုပါ ရေတိုက်စားမှုကြောင့် ချဉ်းကပ်လမ်းပျက် စီးခဲ့သည့် သံကူကွန်က ရစ်တံတားအား မိုင်းကိုင်မြို့ နယ်၊ လမ်း/တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန် ရှိ သူများက အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အမြန်ဆုံးပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN