အီရန်က အစ္စရေးကို ဟိုက်ပါဆိုးနစ်ဒုံးကျည် ရာနှင့်ချီကာ စတင်တိုက်ခိုက်

(နိုင်ငံတကာ) အောက်တိုဘာ ၂

     အစ္စရေးနိုင်ငံ၏မြို့တော် တဲလ်အဗီလ်အနီးရှိ စစ်အခြေစိုက်စခန်းများအား အီရန်တော်လှန်ရေး အစောင့်တပ်မှ ဟိုက်ပါဆိုးနစ် ဒုံးကျည် ၄၀၀ ကျော်ဖြင့် စတင်တိုက်ခိုက်လိုက်ကြောင်းသိရသည်။

        ဒုံးကျည်များမှာ မြို့တော်အနီးရှိ စစ်စခန်းများနှင့် အနီးတစ်ဝိုက်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီးဆုံး ရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ အစ္စရေးစစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် အမေရိကန် စစ်သင်္ဘောက အီရန်၏ ဒုံးကျည်များအား ပစ်ချခဲ့သော်လည်း ဒုံးကျည်အစင်းပေါင်း ၄၀၀ ကျော် အား ဟန့်တားနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

       အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အီရန်၏ ဒုံးကျည်များအား ဟန့်တားပစ်ချရန် အမိန့်ပေးခဲ့ပြီး အိမ်ဖြူတော်မှ အရေးပေါ်သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ခဲ့သည်။

      အီရန်ဘာသာရေးခေါင်းဆောင် ခါမီနီက အောင်ပွဲနီးစပ်လာပြီဟု X လူမှုကွန်ယက် ယခင်တွစ်တာတွင်ရေးသားခဲ့ပြီး မြေအောက်ရှိ ဒုံးကျည်များအား ပုံဖော်ထားသည့် ဓာတ်ပုံတစ်ပုံအား မျှဝေခဲ့သည်။    

       အီရန်တော်လှန်ရေးအစောင့်တပ်မှ တိုက်ခိုက်သည့် ဒုံးကျည်များသည် ပစ်မှတ်အား ၈၀ ရာခိုင် နှုန်းကျော်ထိမှန်ခဲ့ပြီး အစ္စရေး လေတပ်အခြေ စိုက်စခန်းရှိ အမေရိကန်လုပ် F-35     တိုက်လေ ယာဉ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

       အစ္စရေးအစိုးရက အီရန်အနေဖြင့် ၎င်းတို့စစ်အခြေစိုက်စခန်းများ အစ္စရေးနိုင်ငံအားတိုက်ခိုက်မှု၏ အကျိုးဆက်အား ကြီးကြီးမားမား ပြန်ခံစားရမည်ဟု တုန့်ပြန်ထားပြီး အီရန်အစောင့်တပ်ကလည်း အစ္စရေးအနေဖြင့် ယခုထက်ပိုမိုဆိုးဝါးလာမည်ဆိုပါက အင်အားအဆတစ်ထောင်အသုံးပြုကာ တုန့်ပြန်သွားမည်ဟုတ် ထုတ်ပြန်ထားသည်။

#PAN