ခရမ်းချဥ်သီးစားခြင်းရဲ့ ကောင်းကျိုးများ နဲ့ ဆိုးကျိုးများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၂

     PAN ပရိတ်သတ်များ ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ခရမ်းချဥ်သီးစားခြင်းရဲ့ ကောင်းကျိုးတွေ နဲ့ ဆိုးကျိုးများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ခရမ်းချဥ်သီးက အရသာကောင်းမွန်ရုံသာမကဘဲ Lycopene လို့ခေါ်တဲ့ Antioxidant ဓာတ်တွေနဲ့ အခြား Vitamin သတ္တုဓာတ်တွေပါဝင်တာကြောင့် နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်တို့ကို ကောင်းမွန်အောင် လုပ်ဆောင် ပေးပါတယ်။

        ခရမ်းချဥ်သီးကို နေ့စဥ်စားသုံးခြင်းကြောင့် Calcium ဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်ပြီး အသား အရေကောင်းမွန်ဖို့အတွက်လဲ အထောက်အကူပြုစေပါတယ်။ နောက်ပြီး ခရမ်းချဥ်သီးအစေ့များက Vitamin C နဲ့ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် အလွန်အစွမ်းထက်ပါတယ်။

        ခရမ်းချဥ်သီးအစေ့တွေက အရေပြား၊ နှလုံး ၊ ကိုယ်အလေးအချိန်နဲ့ ကိုယ်ခံစွမ်းအားများအတွက်လဲ အကျိုးပြုပါတယ်။ ဒါ့အပြင် ခရမ်းချဥ်သီးအစေ့တွေက အစာချေဖျက်မှုအတွက် ကောင်းမွန်စေပြီး အမျှင်ဓာတ်နဲ့ amino acid ကြွယ်ဝစွာပါဝင်လို့ အာဟာရဓာတ်စုပ်ယူမှုတို့ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ cholesterol ကို ထိန်းညှိရာမှာလည်း အထောက်အကူဖြစ်စေတယ်လို့ အချို့ကျန်းမာရေး ပညာရှင်တွေရဲ့ အဆိုအရသိရပါတယ်။

      ဒါပေမယ့် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာများခံစားနေရတဲ့ သူတွေအနေနဲ့ ခရမ်းချဥ်သီး အစိမ်း သို့မဟုတ် ခရမ်းချဥ်သီးအစေ့တွေကို စားသုံးခြင်းမှ ရှောင်ကြဥ်ရမှာဖြစ်ပြီး ၎င်းရဲ့ acid ဓာတ်တွေ ပါဝင်မှုကြောင့် ရင်ပူခြင်းနဲ့ အစာခြေစနစ်ကို ဆိုးရွာစွာထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ခရမ်းချဥ်သီးကို အလွန်အကျွံစားသုံးခြင်းက Solanine လို့ခေါ်တဲ့ alkaloid ပါဝင်တာကြောင့် အဆစ်တွေ ရောင် ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။

#PAN