၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် တစ်ပြိုင်တည်းကောက်ခံလျက်ရှိ


(ပြည်တွင်း) အောက်တိုဘာ ၁

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တစ်ပြိုင်တည်း ကောက်ခံလျက်ရှိသည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည် ဦးဆောင်သော အဖွဲ့မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ နေအိမ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၏ နေအိမ်များ၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့အတွင်းရှိ ရုံးကြီးရပ်ကွက် ယုဇနလမ်း၊ ရှင်စောပုရပ်ကွက်၊(၃၃)လမ်းနှင့် ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ တပင်ရွှေထီးလမ်းတို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်း ကြည့်ရှု အားပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/ စာရင်းကောက် (၄၂၅၉)ဦး ခန့်အပ်တာဝန်ပေးထားပြီး ခရိုင်(၆)ခု၌ စာရင်းကောက်ကွက်ပေါင်း(၁၁၅၄၀)အား တစ်ပြိုင်တည်းကောက်ယူလျက်ရှိရာ သန်းခေါင် စာရင်းဆိုင်ရာလုပ်ငန်းများ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တိုင်းရင်းသား ဘာသာ စကားများဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Bill Board စိုက်ထူခြင်းများ ကြိုတင်ဆောင်ရွက်ထား ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN