တာချီလိတ်မြို့တွင် ရေဘေးကြောင့်‌သေဆုံးခဲ့သူ ၁၁ ဦးအတွက် ထောက်ပံ့ငွေများပေးအပ်


(ပြည်တွင်း) အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ စံချိန်တင်ရေကြီးရေလျှံခဲ့မှုကြောင့် သေဆုံးခဲ့သူ ၁၁ ဦးအတွက် ထောက်ပံ့ငွေများကို စက်တင်ဘာလ ၃၀ ရက်က ခရိုင်/မြို့ နယ်စုပေါင်းရုံးမှာ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ရေဘေးကြောင့် ‌သေဆုံးသူ ၁၁ ဦးအတွက် ၎င်းတို့ရဲ့မိသားစုဝင်များကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့ ပေးအပ်တဲ့ တစ်ဦးလျှင် ၁၀ သိန်းကျပ်ကို တာချီလိတ်ခရိုင်ထွေအုပ်မှ ဒု- ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့နှင့်တာချီလိတ်ခရိုင် သဘာဝ ဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီမှ ထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ငါးသေတ္တာ၊ ခေါက်ဆွဲ ခြောက်ထုပ်များ ပါဝင်သော အခြေခံစားသောက်ကုန် များကို ရေဘေးသင့်အိမ်ထောင်စု ၂၅၀ အတွက် တာဝန်ရှိသူများက တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်းကျေးရွာရှိ ဟိုခိုမိုင်ရှမ်းဘုန်းတော်ကြီး ကျောင်းမှာ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN