ကျောင်းသား ၄၀ နီးပါး လိုက်ပါလာသည့် ကားတစ်စီးယာဉ်တိုက်မှုဖြစ်ကာမီးလောင်မှုဖြစ်ပွား


(နိုင်ငံတကာ) အောက်တိုဘာ ၁

ထိုင်းနိုင်ငံ၊ အူထိုင်းဌာနီမြို့ရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသားများနှင့် ဆရာဆရာမများလိုက်ပါလာ လေ့လာရေးဘတ်စ်ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားကာ အများအပြားသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါကားသည် CNG ဂတ်စ်လောင်စာဆီသုံး ကားအမျိုးအစားဖြစ်ပြီး ကားတစ်စီးလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်ဖြစ်ပွားချန်တွင် ကယ်ဆယ်ရေးနှင့်မီးသတ်အဖွဲ့များသည် အပူရှိန်မြင့်မားသည့်အတွက် ကားအနီးသို့မကပ်နိုင်ခဲ့ပဲ ကားအတွင်း သေဆုံးနေသည့် ရုပ်အလောင်းများအား စီစစ်နေဆဲဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN