အီရန်အနေနဲ့ အစ္စရေးကို စစ်ရေးအရတိုက်ခိုက်မယ်ဆိုရင် အကျိုးဆက်ကိုခံစားရမည်ဟု အမေရိကန်ခြိမ်းခြောက်


(နိုင်ငံတကာ) အောက်တိုဘာ ၁

အီရန်အနေဖြင့် အစ္စရေးအား စစ်ရေးအရ တိုက်ခိုက်လာမည်ဆိုပါက ပြင်းထန်သော အကျိုးဆက်များ ခံစားရမည်ဟု အမေရိကန်ကသတိပေးလိုက်သည်။

အစ္စရေးသည် အီရန်ကျောထောက်နောက်ခံပေးထားသည့် အဖွဲ့များအား တိုက်ခိုက်မည့်အကြောင်းပြချက်ဖြစ် ပါလက်စတိုင်း၊ လက်ဘနွန်နှင့် ယီမင်နိုင်ငံရှိ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အရှေ့အလယ်ပိုင်း ပဋိပက္ခများတွင် အီရန်ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် ယခုလို ခြိမ်းခြောက် ပြောဆိုလိုက်ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်သည် လက်ရှိအချိန်တွင် လက်ဘနွန်နိုင်ငံအတွင်းသို့ မြေပြင်ထိုးစစ်များ စတင်ဝင်ရောက်သွားပြီး လက်ဘနွန်တွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN