အသည်းကို ကာကွယ်ပေးနိုင်တဲ့ အစားအသောက်များ အကြာင်း

(ကျန်းမာရေးကဏ္ဍ)စက်တင်ဘာ ၃၀

     PAN ပရိတ်သတ်များ ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Asthma ရောဂါအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

     ကော်ဖီသောက်ခြင်းက အသည်းရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကော်ဖီမှာ အယ်လ်ဇိုင်းမားရောဂါလိုမျိုး အသက်အရွယ်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ antioxidants ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ အာဟာရပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံး ရောဂါကဲ့သို့သော အသည်းပြဿနာများကို ကာကွယ်ပေးနိုင်ပြီး အသည်းအမာရွတ်နဲ့ ကင် ဆာရောဂါတို့ကို လျော့နည်းစေနိုင်ကြောင်း သုတေ သနအချို့က ဖော်ပြခဲ့ပါတယ်။

     ကော်ဖီသောက်ခြင်းက ခုခံအားကို မြှင့်တင်ပေးတဲ့ antioxidants ဓာတ်တွေကို တိုးစေပြီး အသည်းတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ ကော်ဖီသောက်ခြင်းက အသည်းအတွင်း အဆီစုပုံခြင်းကိုလည်း လျှော့ချနိုင်ပါတယ်။ Oatmeal က ဇီဝဗေဒဆိုင်ရာမှာ active ဖြစ်ပြီး အသည်းအတွက် အလွန်အကျိုးရှိတဲ့ beta-glucan ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ Beta-glucan က အဝလွန်ခြင်းနဲ့ ဆီး ချိုရောဂါကို တိုက်ဖျက်ရာမှာလည်း အသုံးဝင်ပါတယ်။ ၎င်းတို့သည် ရောင်ရမ်းမှုကို လျော့နည်းစေပြီး ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။ ဒါ့အပြင် Beta-glucan က အသည်းအတွင်းရှိ အဆီပမာဏကို လျှော့ချပေးနိုင်ပါတယ်။ လက်ဖက် ခြောက်ရည်မှာ antioxidant ဓာတ်တွေ ပါဝင်တာကြောင့် ဆရာဝန်တွေက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးလို့ ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့က အဆိပ်အတောက်များနဲ့ စိတ်ဖိစီးမှုတွေများတဲ့ အရာတွေကြောင့် ဖြစ်ပေါ်လာတဲ့ oxidative stress ရဲ့ သက်ရောက်မှုများကို တိုက်ဖျက်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

      လေ့လာမှုတွေအရ လက်ဖက်ရည်သောက်ခြင်းက အထူးသဖြင့် အသည်းအတွက် အကျိုး ပြုနိုင်ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လက်ဖက်ရည် ကြမ်းသောက်ခြင်းဟာ သွေးရည်ကြည်ပါဝင်မှုအပေါ် သက်ရောက်မှု ရှိကြောင်း သက်သေပြခဲ့ပါတယ်။ ၎င်းသည် သွေးတွင်းရှိ triglycerides နဲ့ ကိုလက်စထရော ပမာဏကို လျော့နည်း စေပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးရောဂါ အပါ အဝင် နှလုံးသွေးကြောဆိုင်ရာရောဂါများနဲ့ အသည်းရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။ Green Tea ကို နေ့တိုင်းသောက်သူများက အသည်းကင်ဆာနဲ့ အခြားသော အသည်းရောဂါ ပြဿနာများ ဖြစ်ပွားနိုင်ခြေ နည်းပါးပါတယ်။ Green Tea ကို ကျန်းမာရေးနဲ့အညီညွတ်ဆုံး လက်ဖက်ရည်မျိုးလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားပေမယ့် Black tea extract ကလည်း အသည်းကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အဆီများတဲ့ အစားအစာတွေက အသည်းကို ဆိုးရွားစွာ ပျက်စီးစေနိုင်သော်လည်း black tea extractက ထို အကျိုးသက်ရောက်မှုများကို လျှော့ချပေးနိုင်ပါတယ်။

      စပျစ်သီးနဲ့ beetroot ဖျော်ရည်တွေက အသည်းရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။ စပျစ်သီးတွေမှာ အသည်းအတွက် အကျိုးပြုတဲ့ plant compound ဖြစ်တဲ့ resveratrol ဓာတ်ပါဝင်ပါတယ်။ စပျစ်သီးဖျော် ရည် သောက်သုံးခြင်းက ရောင်ရမ်းခြင်းမှ ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းရှိ antioxidants ပမာဏကို တိုးမြင့်စေပါတယ်။ Beetroot ဖျော်ရည်မှာ antioxidants နဲ့ nitrates ဓာတ်တွေ ပါဝင်တာကြောင့် ရောင်ရမ်းမှု ကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ Beetroot ဖျော်ရည်ကို သောက်သုံးခြင်းက ရောင်ရမ်းမှု တွေကို လျော့ကျစေပြီး သဘာဝ detoxification agents တွေအဖြစ် လုပ်ဆောင်တဲ့ အင်ဇိုင်းများကို ထုတ်ပေးပါတယ်။ ၎င်းကို သောက်ခြင်းဖြင့် သင့်အသည်းက အဆိပ်အတောက်များကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်ပြီး သင်စားသုံးတဲ့ အရာတွေထဲက ဗီတာမင်နဲ့ သတ္တုဓာတ်များကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

      အခွံမာသီးနဲ့ သံလွင်ဆီဟာ သင့်အသည်းမှာရှိတဲ့ အင်ဇိုင်း level ကို တိုးတက်စေပါတယ်။ အခွံ မာသီးတွေမှာ fat soluble ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် E နဲ့ သင့်ခန္ဓာကိုယ် လုပ်ငန်းစဥ်များကို မှန်ကန်စွာ လုပ် ဆောင်ဖို့ လိုအပ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အခွံမာသီးတွေဟာ အသည်းအဆီဖုံး ရောဂါကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။သံလွင်ဆီစားသုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနဲ့ အင်ဇိုင်း level ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံလွင်ဆီကို နေ့စဉ်စားသုံးခြင်းဟာ ဇီဝြဖစ်ပျက်မှုကို မြှင့်တင်ပေးမယ့် ပရိုတင်းပမာဏကို တိုးမြင့်စေနိုင်ပါတယ်။

      ကြက်သွန်ဖြူက သင့်အသည်းတစ်ခုလုံးရဲ့ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။ ကြက် သွန်ဖြူ စားသုံးခြင်းက non-alcoholic အသည်းအဆီဖုံးရောဂါရှိသူများရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ အဆီပါဝင်မှုကို လျော့နည်းစေပါတယ်။ Sulfur ပါဝင်တဲ့ ဓာတ်ပေါင်းများကြောင့် ကြက်သွန်ဖြူက သင့်အသည်းကို သန့်စင်စေတဲ့ အစားအစာဖြစ်ပြီး သင့်အသည်း ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

     ဘယ်ရီသီးတွေမှာ သင့်အသည်းကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဘယ်ရီသီးတွေမှာ polyphenols လို့ခေါ်တဲ့ antioxidant ဓာတ်တွေ ပါဝင်ပါတယ်။ ထို antioxidant ဓာတ်တွေက အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးကို တစ်ပတ်လျှင် သုံးကြိမ် ကနေ လေးကြိမ် ပုံမှန်စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကျန်းမာသန်စွမ်းစေပါတယ်။ ဘလူးဘယ်ရီသီးက ခုခံအားဆဲလ်များ တုံ့ပြန်မှုကို တိုးမြှင့်ပေးပြီး antioxidant အင်ဇိုင်းများကိုလည်း တိုးမြှင့်ပေးပါတယ်။ Grapefruit ထဲမှာ အဓိက antioxidants နှစ်မျိုး ဖြစ်တဲ့ naringin နဲ့ naringenin ဓာတ်များ ပါဝင်ပါတယ်။ ထို antioxidant နှစ်မျိုးက အသည်းရောင်ရမ်းမှုကို လျှော့ချပေးပြီး အသည်းဆဲလ်များကို ကာကွယ်ပေးခြင်းဖြင့် အသည်းဒဏ်ရာကို ကာကွယ်ပေးပါတယ်။ Grapefruit compounds များက အသည်းအတွင်း အဆီများစုပုံခြင်းကို လျှော့ချပေးပြီး အဆီလောင်ကျွမ်းစေတဲ့ အင်ဇိုင်းများကို တိုးမြှင့်ပေးပါတယ်။ Grapefruit ထဲမှာပါတဲ့ antioxidants တွေက hepatic fibrosis ကို လျှော့ချပေးနိုင်ပါတယ်။ အသည်း အတွင်း connective tissues များ အလွန်အကျွံကြီးထွားလာနိုင်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ hepatic fibrosis ကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် non-alcoholic အသည်းအဆီဖုံးရောဂါကို တိုက်ဖျက်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ Grapefruitက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကယ်လိုရီနည်းတဲ့ အစားအစာဖြစ်ပြီး အရေးကြီးတဲ့ အာဟာရဓာတ်များပြည့်ဝစွာ ပါဝင်ပါတယ်။

     ရှားစောင်းလက်ဝါးက တိုင်းရင်းဆေးတွေမှာ အနာများ၊ ဒဏ်ရာများနဲ့ ပင်ပန်းနွမ်းနယ်မှုများကို ကုသရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် အသည်းရောဂါကို တိုက်ဖျက်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ၎င်းကို စားသုံးခြင်းက အင်ဇိုင်းနဲ့ ကိုလက်စထရော level ကို ပုံမှန်ဖြစ်အောင် လုပ် ဆောင်ပေးပါတယ်။

      ကွမ်းသီးဂေါ်ဖီ၊ ပန်းပွင့်စိမ်းနဲ့ မုန်ညင်းစိမ်း စတဲ့ဟင်းသီးဟင်းရွက်တွေက အသည်းအတွက် ကောင်း မွန်ပါတယ်။ ကွမ်းသီးဂေါ်ဖီ နဲ့ ပန်းပွင့်စိမ်း တွေမှာ ပါဝင်တဲ့ compounds များက အသည်းအတွင်းရှိ အရေးကြီးတဲ့ detoxification enzymes ပမာဏကို တိုးမြင့်စေကြောင်း လေ့လာချက်များက တွေ့ရှိခဲ့ပါတယ်။ ၎င်းတို့က အသည်းတစ်လျှောက်ရှိ ဆဲလ်များ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ လေ့လာချက်များအရ ကွမ်းသီးဂေါ်ဖီ compounds များက အသည်းအဆီဖုံးရောဂါ အပါအဝင် အသည်းရောဂါများကိုလည်း ကာကွယ်ပေး ကြောင်း သိရပါတယ်။

      ဆယ်လ်မွန်ကဲ့သို့ fatty fish များက အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းက ရောင်ရမ်းမှုကို လျော့ကျစေပြီး နှလုံးသွေးကြောနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ အိုမီဂါ-၃ ဖက်တီးအက်ဆစ်က ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး ကျန်းမာတဲ့ အင်ဆူလင် level ကို ထိန်းသိမ်းပေးခြင်းဖြင့် အသည်းအတွက် အကျိုးပြုပါတယ်။ Milk thistle tea က glutathione လျော့နည်းခြင်းနဲ့ breakdown ဖြစ်ခြင်းများကို ကာကွယ်ပေးပါတယ်။ ၎င်းကို အရက်စွဲခြင်းကြောင့် ဖြစ်ရတဲ့ အသည်းရောင်ရောဂါ နဲ့ အသည်းခြောက်ခြင်းတို့ကို ကုသရာမှာလည်း အသုံးပြုပါတယ်။

     နနွင်းဟာ အလွန်အစွမ်းထက်တဲ့ anioxidant တစ်မျိုးဖြစ်ပါတယ်။ ဖရီးရယ်ဒီကယ်တွေကို စုစည်းစေပြီး ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ နနွင်းရဲ့ antioxidant အာနိသင်က အသည်းကင်ဆာ ဖြစ်နိုင်ခြေကိုတောင် လျှော့ ချပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ နနွင်းဟာ အသည်းရဲ့ endoplasmic reticulum အပြောင်းအလဲတွေကနေ ကာကွယ်ပေးနိုင်ပြီး အသည်းရောဂါဖြစ်နိုင်ခြေအားလုံးကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

     မနက်စာမှာ ကြက်ဥစားပေးပါ။ ကြက်ဥများမှာ choline ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ Choline က non-alcoholic အသည်းအဆီဖုံးရောဂါဖြစ်စေတဲ့ အသည်းအတွင်း အဆီစုခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် choline က ခန္ဓာကိုယ်အတွင်းရှိတဲ့ အဆိပ် အတောက်များကို ချေဖျက်နိုင်စွမ်းကို ဟန့်တားနိုင်တဲ့ အသည်းအတွင်း အဆိပ်အတောက်များ စုပုံလာခြင်းကိုလည်း တားဆီးပေးပါတယ်။

     Legume တွေဟာ သင့်အသည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ Legume တွေက ပဲမျိုး စေ့များဖြစ်ပြီး ပဲ၊ ကုလားပဲ၊ ပဲပိစပ်နဲ့ မြေပဲ စသည်တို့ ပါဝင်ပါတယ်။ ၎င်းတို့က ပရိုတင်းနဲ့ အမျှင်ဓာတ်များ မြင့်မားစွာ ပါဝင်ပါတယ်။ ဒါ့အပြင်အဆီနည်းပြီး မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ ပြည့်ဝစွာ ပါဝင်ပါတယ်။ Legume ရဲ့ molybdenum ပမာဏက များစွာ ပါဝင်တာကြောင့် သင့် အသည်းအတွက် အလွန်အကျိုးရှိပါတယ်။ Molybdenum ဓာတ် က အသည်း ကျန်းမာရေးကို ကူညီပေးပြီး ခန္ဓာကိုယ်က အဆိပ် အတောက်များကို ထိရောက်စွာ ဖယ်ရှားပေးတဲ့ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။

      ကန်စွန်းဥမှာ beta carotene နဲ့ ဗီတာမင် A ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင် A က ကျန်းမာတဲ့ အမြင်အာရုံအတွက် မရှိမဖြစ်လိုအပ်ပြီး အခြားသော ကိုယ်ခန္ဓာဆိုင်ရာ လုပ်ငန်းချက်များစွာအတွက် လိုအပ်ပါတယ်။ ကန်စွန်းဥမှာ ဗီတာမင် C နဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းပေးပြီး အစာချေဖျက်မှု လုပ် ငန်းစဉ်ကို ကူညီပေးပါတယ်။

     သံပယိုသီးမှာ ဗီတာမင် C နဲ့ antioxidant ဓာတ်များ ကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာကြောင့် ကျန်း မာရေးကို အထောက်အကူပေးပါတယ်။ သံပယိုသီးဟာ အညစ်အကြေး တွေကို စွန့်ထုတ်ရာမှာ ကူညီပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ အသည်းကို အန္တရာယ် ဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ချေဖျက်ရာမှာ ကူညီပေးပါတယ်။

      ထောပတ်သီးက အသည်းရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေတဲ့ နောက်ထပ်ဥပမာတစ်ခု ဖြစ်ပါတယ်။ ထောပတ်သီးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများ မြင့်မားပြီး အသည်းပျက်စီးမှုကို နှေးကွေးစေတဲ့ ဓာတုပစ္စည်းများ ပါဝင်ပါတယ်။ နောက်ပြီးတော့ ထောပတ်သီးမှာ glutathione ဓာတ်ပါ၀င်ပြီး ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိနိုင်တဲ့ အဆိပ် အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

#PAN