ရွာငံမြို့နယ်ရှိ ရေဘေးသင့်ရွာအချို့ အကူအညီများလိုအပ်နေ


(ပြည်တွင်း) စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

အခုလိုရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုးမှုများဖြစ်ပေါ်ခဲ့ရတဲ့ ကျေးရွာအချို့မှာ အစားအသောက်၊ အဝတ်အထည်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရတယ်။

ရေကြီးရေလျှံမှုကြောင့် ရွာငံမြို့နယ်ရှိ ယကြီးကျေးရွာ၊ မင်းပလောင်ကျေးရွာ၊ တဲ့လုကျေးရွာ၊ ဝါးရွက်ကျေးရွာ၊ မြေနီကုန်းကျေးရွာတို့မှာ ရေဝင်ရောက်မှုများပြားနေတာကြောင့် ဒေသခံများမှာ ရေဘေးလွတ်ရာနေရာများ ခိုလှုနေထိုင်နေရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရေဘေးကြုံတွေ့ခဲ့ရပြီး အကူအညီများလိုအပ်နေတဲ့ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံများကို ကူညီထောက်ပံ့မှုများပြုလုပ်နိုင်ရန် ဒေသခံလူမှုကူညီရေး အသင်းဝင်များက ချိတ်ဆက်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN