KBZ Bank မှ ကြက်ခြေနီအသင်းသို စက်လှေ ၁၈ စီး အပါအဝင် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများလှူဒါန်း


(ပြည်တွင်း) စက်တင်ဘာ ၂၇

ရေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့မှုများပြုလုပ်ပေးနေတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို KBZ Bank မှ စက်လှေ ၁၈ စီးအပါအဝင် အလှူရှင်များရဲ့ အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် မြန်မာ့စက်မှုဆိပ်ကမ်းမိသားစုမှ ဆန် ၂၆၀ ပြည်၊ စောင် ၂၆၀၊ ပလပ်စတစ်ပုံး ၂၆၀ ၊ အမျိုးသား/အမျိုးသမီးဝတ် အဝတ်အထည် ၅၂၀၊ ရာဘာဖိနပ် ၂၆၀၊ အမျိုးသမီး လစဉ်သုံးပစ္စည်းထုပ် ၁၃၀ တို့ကို လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် KBZ Bank မှစက်လှေ ၁၈ စီးနှင့် အစားအစာမဟုတ်သောပစ္စည်းအိတ် ၃,၀၀၀ အိတ်၊ KBZMS General Insurance မှ ရေသန့်ဆေးပြား(Aquatabs 67mg) ၃,၀၀၀ ထုပ်တို့ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN