သီတဂူဆရာတော်ကြီးမှ ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ လှူဒါန်း

(ပြည်တွင်း) စက်တင်ဘာ ၂၅

        သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိ ဿရ က နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည် နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်မှ ရေဘေးသင့်ပြည်သူများရဲ့ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကရုဏာအလှူတော်ငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကိုပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

        သီတဂူဆရာတော်ကြီးက စက်တင်ဘာလ ၂၄ ရက်မွန်းလွဲပိုင်းမှာ ကရုဏာအလှူတော်ငွေကို အခမ်း အနားနဲ့ ပေးအပ်လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကလက်ခံရယူ၍ အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ဆက်ကပ် ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ရေဘေးသင့်ပြည်သူများအတွက် “ကွန်းခိုရာ”ကုမ္ပဏီမိသားစုကလည်း အလှူတော် ငွေကျပ်သိန်း ၁,၀၀၀ ကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။

#PAN