နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း လမ်းပေါ်ရေကျော်နေမှုအခြေအနေများနှင့် လမ်း၊ တံတားများ ပျက်စီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး


(ပြည်တွင်း) စက်တင်ဘာ ၂၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီအချိန်က တပ်ကုန်းမြို့နယ်အတွင်းရှိ နေပြည်တော်-ကင်းသာ-ကိုးကွေ့ -လိန်းလီ-ပင်လောင်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၃/၀)တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပေါ်ရေကျော်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းသားပေါ် ရေကျော်နေမှုအခြေအနေများ၊ စက်ယန္တရားများဖြင့် ရေလမ်းကြောင်းပြောင်းလဲဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ ရေစီးကြောင်းမှန်ကန်စွာ စီးဆင်းစေရေး၊ လမ်းပေါ်ရှိ သဲ၊ နုန်းများ ရှင်းလင်းဖယ်ရှားရေးတို့ကို အမြန်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အမှတ် (၂)ခရိုင်ချင်းဆက်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၄၂/၁ နှင့် ၁၄၂/၂ ကြား) ရေတိုက်စားမှုကြောင့် Box Culvert ပျက်စီးမှုအခြေအနေနှင့် ပေ ၁၂၀ အရှည်ရှိ မုန်ချောင်းကူးတံတားအနီး ရေကြီးရေလျှံမှုကြောင့် အမှိုက်များ၊ ဒိုက်များနှင့် သစ်ကိုင်းသစ်တုံးများ စုပုံနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် Box Culvert နှင့် လမ်းသားအား အများပြည်သူ သွားလာမှုအဆင်ပြေ စေရေး၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်ရန်၊ ရေကြီးရေလျှံမှုကြောင့် အမှိုက်များ၊ သစ်ကိုင်းသစ်တုံးများကို စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှားရန်၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလမ်းကြောင်း မှန်ကန်စွာ စီးဆင်းစေရေးအတွက် တံတားအောက်ရှိ ပိတ်ဆို့နေသည့် နုန်းများ၊ အမှိုက်များကို ရှင်းလင်းဖယ်ရှားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN