ဘေးလမိုင်းကျေးရွာ၊ ကွမ်းယာရောင်းသူ အမျိုးသား ၁ ဦး အကြမ်းဖက်သမားများ၏ ဒရုန်းဗုံးစ ထိမှန်


(ပြည်တွင်း) စက်တင်ဘာ ၅

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရေးမြို့နယ်၊ ကွမ်းယာရောင်း၊ နှစ်ကရင်လမ်းဝ၊ ဘေးလမိုင်းကျေးရွာ၊ လမိုင်းမြို့၊ ရေးမြို့နယ်နေသူ အမျိုးသား ၁ ဦး အကြမ်းသမားများ၏ ဒရုန်းကျရောက်ပေါက်ကွဲ၍ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကွမ်ယာရောင်းသူ ဦးမြင့်နိုင်၊ အသက် ၅၃ နှစ်၊ (ဘ)ဦးဖိုးဆိတ်သည် ရေးမြို့နယ်၊ ဘေးလမိုင်းကျေးရွာ၊ လွီရာမညဆီဆိုင်(ပိတ်ထား)အနီးရှိ ကွမ်းယာဆိုင်ရှေ့တွင် ထိုင်နေစဉ် ဆိုင်နှင့် ပေ(၃၀)ခန့်အကွာ သံဖြူဇရပ်-ရေးသွားကားလမ်းပေါ်သို့ ဒရုန်းဗုံး ၁ လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဦးမြင့်နိုင်တွင် ချက်ညာဘက်ပေါက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး သံဖြူဇရပ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ လွှဲပြောင်းဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN