မန္တလေး-မြစ်ကြီးနား လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူနေရ

(ပြည်တွင်း) စက်တင်ဘာ ၅

     မန္တလေးကနေ မြစ်ကြီးနားကို သွားမယ့် လေယာဉ်ခရီးစဉ်တွေအတွက် လေယာဥ်လက် မှတ်တွေကို ၁၀ ရက် လောက် ကြိုတင်ဝယ်ယူရမယ်လို့ ပြည်တွင်းလေကြောင်းလိုင်းတွေဆီက သိရပါတယ်။ လတ်တ လောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းမှာ ယာဉ်သွားလာမှု အခက်အခဲတွေရှိနေတဲ့အတွက်လေကြောင်း ခရီးစဉ်ကို အသုံးပြုသူများ လာနေတာ ဖြစ်ပါတယ်။

      မန္တလေး-မြစ်ကြီးနား လေယာဉ်ခရီးစဉ်တွေအတွက် လေယာဥ်လက်မှတ်ခ စျေးနှုန်းတွေဟာ ယခင်ထက် ဈေးတက် နေသလို လေယာဉ်လက် မှတ်ရဖို့ ၁၀ ရက်လောက် ကြိုတင်ဝယ်ယူမှသာ ရနိုင်တယ်လို့ သိရပါတယ်။

     အခုလက်ရှိမှာ မန္တလေး – မြစ်ကြီးနားကို ပြေးဆွဲနေတဲ့ လေယာဥ်လက်မှတ်ခ ဈေးနှုန်းတွေဟာ မြန်မာအမျိုးသား လေကြောင်း(MNA)ဆိုရင် ကျပ်လေးသိန်း နီးပါးနဲ့ မန်းရတနာပုံ လေကြောင်းလိုင်းဆိုရင်တော့ ကျပ် လေးသိန်း ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။ လက်မှတ်ခဈေးနှုန်းတွေကတော့ အရောင်းကိုယ်စားလှယ် ပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားမှုရှိတယ်လို့လည်း သိရပါတယ်။

#PAN