ပုသိမ်ကြီးမြို့နယ်တွင် အကြမ်းဖက် PDF အဖွဲ့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားပြည်သူ ၁ ဦးအား ပစ်သတ်


(ပြည်တွင်း)စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊မင်းကန်ကျေးရွာအုပ်စု၊ တောစုကျေးရွာအတွင်းသို့ အကြမ်းဖက် PDF ၇ ဦး၊လက်နက်ကိုယ်စီ ကိုင်ဆောင်ဝင်ရောက်လာပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားပြည်သူ ၁ ဦးအား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ယမန်နေ့ ည၈နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF ၇ ဦးခန့်သည် တောစုကျေးရွာနေ ကိုအောင်ဇော်၊ ၄၅ နှစ်နှင့်ကိုမောင်စိုး၊ (ဘ)ဦးအေးသောင်တို့ ၂ ဦးအား ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီး၍ ဦးခေါင်းများအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာအုပ်စု၊ တောစုကျေးရွာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် ပါဝင်ထမ်းဆောင်ရန် စာရင်းပေးသွင်းထားသည့်အပြင် လက်ရှိတွင်လည်း ပြည်သူ့စစ်အဖွဲ့ထဲ၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများဖြစ် ကြောင်း၊အကြမ်းဖက် PDF များ သည် တောစုကျေးရွာမှမြောက်ဘက်ရှိ ထုံးဘိုတဲတန်းစုဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

၎င်းနောက် ည ၈နာရီ ၅၀ မိနစ်အ အချိန်ခန့်တွင် အဆိုပါ အကြမ်း ဖက် PDF အဖွဲ့သည် တောစုကျေး ရွာမြောက်ဘက် ၄ ဖာလုံခန့်အကွာ ထုံးဘိုတဲတန်းစုရှိ ကိုဝင်းဇော်၊ ၃၅ နှစ်အား စစ်တပ်သတင်းပေးဟုဆိုကာ ထပ်မံဖမ်းဆီးကာ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဒေသအခေါ် ဘိုင်ဘင်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN