အကြမ်းဖက် PDF အဖွဲ့များက ရဲတပ်ဖွဲ့ဝင် ၃ ဦးအား ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာလ ၁ ရက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၏ အရှေ့ဘက် ၂၅မိုင်ခန့်အကွာ၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်း၊ လက်ပံပျားကျေးရွာအုပ်စု၊ညောင်ဝိုင်းကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ကျောက်ပန်းတောင်းမြို့၊ မြို့မရဲစခန်းမှုး ဒုရဲမှုးအောင်ကျော်ထွန်း၊ အလုပ်သင်ဒုရဲအုပ် ရန်ရှင်း၊ရဲတပ်ကြပ် မြတ်သူတို့အား အကြမ်းဖက် PDF အဖွဲ့များက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန် ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ မော်တော်ယာဥ်မှာ မီးရှို့ဖျက်ဆီးခံထားရပြီး ဒုရဲမှုး အောင်ကျော်ထွန်းတွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် လည်းကောင်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် ရဲတပ်ကြပ် မြတ်သူတို့အား မီးလောင်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ဒုရဲမှုး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ ရဲတပ်ကြပ် မြတ်သူတို့သည် ယမန့်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ မိတ္ထီလာမြို့သို့ အရပ်ဝတ်ဖြင့် ယာဥ်အမှတ် MDY-17၊1L/6260 TOYOTA MARK x အဖြူရောင်ယာဥ်ဖြင့် သွားရောက်ခဲ့ပြီး မိတ္ထီလာမြို့မှအပြန်တွင် အကြမ်းဖက် PDF အဖွဲ့များက အခင်းဖြစ်နေရာမှ စောင့်ဆိုင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဥ်တွင် ဒုရဲမှုးအောင်ကျော်ထွန်း ကိုင်ဆောင်သည့် ၃၈ ဗို့၊ ခြောက်လုံးပြူး (ရှယ်) ၁ လက်၊ ၎င်းကျည် ၁၂တောင့်၊ BA-94 ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၎င်းကျည် ၁၀၀ တောင့်၊ ဒုရဲအုပ် ရန်ရှင်းကိုင်ဆောင်သည့် ၃၈ ဗို့၊ ခြောက်လုံးပြူး(ရှယ်) ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ MA-13 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀၀ တောင့်၊ ရဲတပ်ကြပ် မြတ်သူကိုင်ဆောင်သည့် BA-72 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀၀ တောင့်တို့အား အကြမ်းဖက် PDF အဖွဲ့များက ယူဆောင်သွားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ