ဖိလစ်ပိုင် က ဘက်စုံသုံး တိုက်လေယာဉ်အစင်း ၄၀ ဝယ်ယူမည်


(နိုင်ငံတကာ) ဩဂုတ် ၃၀

ဖိလစ်ပိုင်အစိုးရက နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအ‌တွက် ဘက်စုံသုံး တိုက်လေယာဉ်အစင်း ၄၀ ဝယ်ယူသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၉ ရက်တွင် ပြောသည်။

သို့သော် မည်သည့် အမျိုးအစားတိုက်လေယာဉ်များကို မည်သူ့ထံမှ ဝယ်ယူမည်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးက ပြောထားခြင်းမရှိသော်လည်း စိတ်ဝင်စား သူများအနေဖြင့် ဈေးနှုန်းနှင့်တကွ အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ပြောထားသည်။

ဖိလစ်ပိုင်သည် တပ်မတော်ကို အဆင့်မြှင့်တင်ရေး လုပ်ဆောင်နေပြီး လေတပ်တွင် တိုက်လေယာဉ် အနည်းငယ်သာ ပိုင်ဆိုင်ထားသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် လက်ရှိသုံးနေသော တိုက်လေယာဉ်များထက် သာလွန်သည့် စွမ်းဆောင်ရည်မြင့်တိုက်လေယာဉ်များ လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်ဟု BP သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ